Wednesday, August 31, 2011

USB Stick ကို Auto run virus များ အတတ်နိုင်ဆုံး ကာကွယ်ကြရအောင်...

ကွန်ပျူတာ အသုံးပြုသူ user များ ဗဟုသုတရစေရန် အတွက်သာ ရည်ရွယ်၍ အသိပညာ ဝေမျှလိုက်ခြင်းသာဖြစ်ပါသည်...မိမိ USB Stick တစ်ခုကို auto run ဖိုင်များ ၀င်ရောက်တိုက်ခိုက်ခြင်း ပြုရာတွင် အဆိုးရွားဆုံး မဖြစ်အောင် မိမိ Stick ထဲမှ autorun.inf ဖိုင်လေး တစ်ခု ထည့်ထားလိုက်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ ထင်မိပါတယ်...မိမိတည်ဆောက်ထား သော autorun.inf file သည် Stick ထဲမှာရှိနေ၍ ကွန်ပျူတာထဲမှ virus ရှေ့ပြေး autorun.inf ကိုအလုပ် မလုပ်နိုင်အောင် တားဆီးပေးထားခြင်းဖြစ်ပါသည်...Virus အားလုံးကို တားဆီးနိုင်မည်ဟု မဆိုလိုပါ...ကိုက်ခဲ့ရင်တောင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး...အခု ဦးစွာ Window OS တွင် ပါရှိသော Program တစ်ခုဖြစ်သည့် Notepad နှင့် autorun.inf ရေးနည်းကို ဖော်ပြပေးသွား ပါ့မယ်...ဘာဆော့လ်ဝဲ မှ သုံးစရာမလိုတော့ဘူးပေါ့……………….
USB Stick ကို Icon နှင့်ပြချင်ရင် Stick ထဲတွင် icon (နှစ်သက်ရာ) တည်ဆောက်ပါ....

Autorun ဖိုင်တည်ဆောက်ခြင်း
Start Menu > All Programs > Notepad ကိုဖွင့်ပါ..

Notepad ထဲမှာ ဒီစာသားလေးတွေ ရိုက်ထည့်လိုက်ပါ..
[autorun]
Icon=myicon.ico

ပြီးရင် Save as box မှာ မှင်နီနဲ့ ပြထားတဲ့အတိုင်း autorun.inf နဲ့ Save လိုက်ရုံပေါ့...


 Save ပြီးသွားပြိ ဆိုရင် autorun တိုကိခိုက်ခြင်းမှ ကာကွယ်နိုင်ပြီပေါ့....
အသုံဝင်နိုင်ကြပါစေ…………….
ဗိုင်းရပ်စ် အကုန်လုံးကို ကာကွယ်နိုင်မည်ဟု မဆိုလိုပါ...Autorun Virus ရန်မှ ကာကွယ်နိုင်ပါသည်....

No comments:

Post a Comment