ကျနော်တို့တွေ ကွန်ပျူတာ သုံးနေတယ်.... တစ်ခါတစ်လေတော့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်သင့်တယ်.....ငါထိုင်နေတာ ဘယ်လောက်ကြာပြီလဲ...နာရီကို Alarm ပေးထား မလိုပါဘူး...ကိုယ့်ဖာသာကိုယ် ကွန်ပျူတာ မှာပဲ ကြည့်ကြရအောင်ဗျာ....လွယ်လွယ်လေးပါ...
မသိသေးတဲ့ သူတွေ အတွက် ကျွန်တော်ပြောပြလိုက်မယ်နော်....
Task manager ကို ခေါ်ပြီးတော့ ကြည့်တာပါ....ပထမဆုံး Ctrl + Shift + Esc Or Ctrl + Shift + Del ကို ခေါ်လိုက်ပါ... ပြီးရင်တော့ Performance က Up time ကို ကြည့်လိုက်ပါဗျာ...မိမိသုံးနေတဲ့ အချိန်က အချိန်နဲ့အမျှ မှတ်သားနေတာပါ....
အဆင်ပြေကြပါစေဗျာ....
Wednesday, August 31, 2011
Any video converter...
Converterတွေအမျိုးမျိုးရှိပေမယ့် ဒီConverterကတော့ ပိုကြိုက်တယ်... ဖရီးဆော့ဝဲလ်လေးမို့ပါ...VCD,CD,DVD,Mp.4,Mp.3စတဲ့format အမျိုးမျိုးကို လုပ်နိုင်စွမ်းရှိပါတယ်...လိုချင်ရင်

ဒီနေရာမှာ...
ဒေါင်းလုတ်ဆွဲလိုက်ပါနော်...အဆင်ပြေပါစေ....

ဒီနေရာမှာ...
ဒေါင်းလုတ်ဆွဲလိုက်ပါနော်...အဆင်ပြေပါစေ....
ကွန်ပျူတာတွက် Desktop အလှဆင်ဖို့ပါ.....
မင်္ဂလာပါ....လာလည်သူများအတွက် ကွန်ပျူတာ Desktop dock တစ်ခုကို မျှဝေချင်ပါတယ်...ကွန်ပျူတာ အလှဆင်ဖို့ Dock တွေ အများကြီးရှိပေမယ့်...ဒီတစ်ခုကိတော့ ကျနော်အကြိုက်ဆုံးပါ... 3D graphicကတော့ အပျံစားလို့ ပြောနိုင်ပါတယ်...

ဒီဆော့ဝဲလေးက freeware ဖြစ်ပါတယ်...တကယ်လို့ ဒီထက်အကောင်းဆုံးကို လိုချင်ရင် သူ့မူရင်းဆိုက်မှာ ultimate ကိုတော့ ပိုက်ဆံပေးရမှာပေါ့ဗျာ... freeware ပဲ သုံးမယ်ဆိုရင် အောက်မှာ
ပေးထားတဲ့လင့်အတိုင်း ဒေါင်းသွားပါခင်ဗျာ.. ဒီ Dock က function တော်တော်စုံပါတယ်..mouse effect တွေလည်း အမျိုးမျိုးအသုံးပြုနိုင်ပါတယ်...screen ကိုလည်း capture ဖမ်းရိုက်လို့ရပါတယ်...အသေးစိတ်သိချင်ရင် မူရင်းဆိုက်မှာ သွားလေ့လာနိုင်ပါတယ်ခင်ဗျာ... ပျော်ရွှင်ပါစေ...
ဒေါင်းလုတ်လင့်.....winstep Nexus Docks click here

make-pitcure-with-water-reflection
မိမိ ဓာက်ပုံလေးကိုရေထဲမှာပေါ်စေနိုင်တဲ့ဆော့ဝဲလေးပါ...
ဖိုင်ဆိုဒ်သေးငယ်ပြီး အသုံးပြုရတာလွယ်ကူလွန်းပါတယ်....
ဒီနေရာကနေဒေါင်းလော့လုပ်ယူပါ....
http://www.mediafire.com/?zuo28kn19ii843p
ဖိုင်ဆိုဒ်သေးငယ်ပြီး အသုံးပြုရတာလွယ်ကူလွန်းပါတယ်....
ဒီနေရာကနေဒေါင်းလော့လုပ်ယူပါ....
http://www.mediafire.com/?zuo28kn19ii843p
Admin account ကို ခေါ်ယူသုံးနိုင်ဖို့ ဖော်ထားချင်တဲ့အခါ ဖော်ရမယ့်နည်းလေး...
Window 7 သုံးတဲ့အခါ Regular account ကိုပဲ အများအားဖြင့်သုံးလေ့ရှိပါတယ်....Admin account ကိုတော့ Window က auto hide ထားလေ့ရှိပါတယ်....ဒါကြောင့် လိုအပ်တဲ့အခါ Admin account ကို ခေါ်ယူသုံးနိုင်ဖို့ ဖော်ထားချင်တဲ့အခါ ဖော်ရမယ့်နည်းလေးကို တင်ပြလိုက်ပါတယ်.....ဒါကတော့ regular account ကနေ admin account ဖော်တဲ့နည်းလေးပါ....
1. Win+R ကနေ cmd လို့ရိုက်ပြီး Ctrl+Shift+Enter ဒါမှမဟုတ် Right Click ထောက်ပြီး run as Adminstrator အနေနှင့် run လိုက်ပါ....
2. ပွင့်လာတဲ့ Command prompt မှာ net user administrator /active:yes လို့အတိအကျရိုက် ပြီး Enter ခေါက်လိုက်ပါ.....
3. Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ...ဒါဆိုရင်တော့ Built in ပါပြီးသား Admin account လေးထွက်လာပါလိမ့်မယ်...ပြန်ဖျောက်ထားချင်တယ် ဆိုရင်တော့ အဆင့် (၂) ရောက်ရင် net user administrator /active:no လို့အတိအကျရိုက်ပြီး Enter နှိပ်လိုက်ပါ....Log out လုပ်ပြီး ပြန်ဝင်ကြည့်လိုက်ပါ...မူအတိုင်းပြန်ဖြစ်သွားပါ လိမ့်မည်....
USB Stick ကို Auto run virus များ အတတ်နိုင်ဆုံး ကာကွယ်ကြရအောင်...
ကွန်ပျူတာ အသုံးပြုသူ user များ ဗဟုသုတရစေရန် အတွက်သာ ရည်ရွယ်၍ အသိပညာ ဝေမျှလိုက်ခြင်းသာဖြစ်ပါသည်...မိမိ USB Stick တစ်ခုကို auto run ဖိုင်များ ၀င်ရောက်တိုက်ခိုက်ခြင်း ပြုရာတွင် အဆိုးရွားဆုံး မဖြစ်အောင် မိမိ Stick ထဲမှ autorun.inf ဖိုင်လေး တစ်ခု ထည့်ထားလိုက်မယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ ထင်မိပါတယ်...မိမိတည်ဆောက်ထား သော autorun.inf file သည် Stick ထဲမှာရှိနေ၍ ကွန်ပျူတာထဲမှ virus ရှေ့ပြေး autorun.inf ကိုအလုပ် မလုပ်နိုင်အောင် တားဆီးပေးထားခြင်းဖြစ်ပါသည်...Virus အားလုံးကို တားဆီးနိုင်မည်ဟု မဆိုလိုပါ...ကိုက်ခဲ့ရင်တောင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပါဘူး...အခု ဦးစွာ Window OS တွင် ပါရှိသော Program တစ်ခုဖြစ်သည့် Notepad နှင့် autorun.inf ရေးနည်းကို ဖော်ပြပေးသွား ပါ့မယ်...ဘာဆော့လ်ဝဲ မှ သုံးစရာမလိုတော့ဘူးပေါ့……………….
USB Stick ကို Icon နှင့်ပြချင်ရင် Stick ထဲတွင် icon (နှစ်သက်ရာ) တည်ဆောက်ပါ....
Autorun ဖိုင်တည်ဆောက်ခြင်း
Start Menu > All Programs > Notepad ကိုဖွင့်ပါ..
Notepad ထဲမှာ ဒီစာသားလေးတွေ ရိုက်ထည့်လိုက်ပါ..
[autorun]
Icon=myicon.ico
ပြီးရင် Save as box မှာ မှင်နီနဲ့ ပြထားတဲ့အတိုင်း autorun.inf နဲ့ Save လိုက်ရုံပေါ့...

Save ပြီးသွားပြိ ဆိုရင် autorun တိုကိခိုက်ခြင်းမှ ကာကွယ်နိုင်ပြီပေါ့....
အသုံဝင်နိုင်ကြပါစေ…………….
ဗိုင်းရပ်စ် အကုန်လုံးကို ကာကွယ်နိုင်မည်ဟု မဆိုလိုပါ...Autorun Virus ရန်မှ ကာကွယ်နိုင်ပါသည်....

ကွန်ပျူတာ Desktop ခြောက်ဖက် မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..
သူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်လေးကတော့........
ကွန်ပျူတာ Desktop ခြောက်ဖက်မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..
free ဗားရှင်းပါ.....ဘာမှလုပ်စရာမလိုပါဘူး......
သူရဲ့ထူးခြားချက်ကမျက်နှာပြင်ခြောက်ခုလုံးမှာတစ်ခုချင်းအသုံးပြုနိုင်တာပါဘဲ
ကွန်ပျူတာtaskbarမှာ....လေးထောင့်အတုံးလေးနဲ့1.2.3.4.5.6.ဆိုပြီးပြထားပါတယ်....
ကိုယ်ကြိုက်တဲ့မျက်နှာပြင်ကိုအသုံးပြုနိုင်ပါတယ်....
1 သုံးနေရင်းနဲ့ 1မှာမျက်စိရှုပ်နေရင် 2ကိုပြောင်းသုံးနိုင်ပါတယ်...လေးထောင့်အတုံးလေးကိုကလစ်နှစ်ချက်နိုပ်လိုက်ရင်
ပုံမှာပြတဲ့အတိုင်းပေါ်လာမှာပါ......စိတ်ဝင်စားရင်အခုလိပ်စာတွေမှာဒေါင်းသွားနိုင်ပါတယ်
အဆင်ပြေကြပါစေဗျာ....
G-talk ကိုစိတ်ကုန်လာတဲ့လူတွေအတွက်လာပါပြီ.....F-talk တဲ့
F-talk တဲ့ဗျ.........G-talk နဲ့တော့ခပ်ဆင်ဆင်ပဲဗျ
Facebook ကလုပ်ပေးထားတာပေါ့ဗျာ.......Facebook အကောင့်တွေနဲ့ပဲဝင်ရမှာသူက.......အားလုံးပဲသုံးချင်တယ်ဆိုရင်တော့
http://www.ftalkfb.com/
မှာဒေါင်းလိုက်နော်......အဆင်မပြေသူများရှိရင်ပြောကြပါခင်ဗျာ

ဒီမှာပုံလေးတွေပါခင်ဗျာ....ကဲကဲအားလုံးပဲကလိပြီးရင်ချက်ကြမယ်နော်

nternet Download Managerနှင့်မှားဖျက်မိသောပုံကိုပြန်ရှာပေးသောashampoo-undeleter

သူကပရိုမိုးရှင်းပေးပါတယ် ဒါပေမယ့် သူက လိုင်စင်က တစ်မျိုးတည်းဆိုတော့
သူငယ်ချင်းတို့အလုပ်မရှုပ်အောင် ကျွန်တော်လိုင်စင်နဲ့တွဲပီးထည့်ပေးလိုက်ပါတယ်
Download>>>>> http://ifile.it/ (or) http://www.4shared.com/
သူငယ်ချင်းအားလုံးအဆင်ပြေစေဖို့မျှော်လင့်လျှက်
အခုတလော တော်တော်လူကြိုက်များနေတဲ့ game လေးပါ....
ကျနော်လဲ ဘာ ဂိမ်း လဲဆိုပြီးလိုက်ရှာတာ ဒီ ဂိမ်းလေးဗျ...တော်တော်တော့ ဆော့လို့ကောင်းတယ်....အင်္ကျီတွေမှာတောင် တံဆိပ် တွေနဲ့ ထုတ်နေကြပြီလေ...ဒီဂိမ်းလေးပါ...

angry bird game လေးပါ...ကျနော် လဲ တနေ့တနေ့ နည်းပညာ နဲ့ software တွေပဲလေ့လာနေတော့ နည်းနည်းစိတ်ကို လန်းသွားအောင် တခါတလေတော့လဲ ဂိမ်းဆော့လိုက်တယ်.....ဒီ ဂိမ်းလေးကတော့ စိတ် နည်းနည်း လန်းမလားဆော့လိုက်တာ..ခေါင်းပါစားသွားတယ်ဗျာ.. :)..လိုချင်တဲ့ သူငယ်ချင်းတွေအတွက် ကျနော် ifile it မှာတင်ပေးထားပါတယ်....portable လေးမို့လဲ memory stick ထဲ ထည့်သိမ်းထားလို့ရတာပေါ့.....
လိုချင်တဲ့ သူငယ်ချင်းများ ဒီလင့်ကနေယူပါ...
Download ifile.it
အဆင်ပြေကြပါစေ...

Tuesday, August 30, 2011
ဒီတခါတော့ ကျနော် software လေးပဲတင်ပေးတော့မယ်...
Window 7 Autorun Disabler 2.0 ပါ...ရှိပြီးသားသူတွေလဲ ရှိပြီးဖြစ်မှာပါ...ကျနော် ifile နဲ့ ziddu ကနေတင်ပေးထားပါတယ်...

download ziddu / download ifile.it

download ziddu / download ifile.it
Saturday, August 27, 2011
window7 မှာ folder တွေဖွင့်ရင်မကြာစေဖို့အတွက်....
ကျနော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်... XP လို ချက်ခြင်း တက်မလာပါဘူး... ဖြေးဖြေးခြင်းမှ တက်လာပါတယ်...အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်.. Windows 7 မှာ Folder တွေ အတက်မြန်စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်သိမည်....
နည်းလမ်း (၁)
Windows Search ကို Disabled ပေးခြင်း
1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ...
2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ....General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ.....

နည်းလမ်း (၂)
Disable Thumbnail Preview
1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ...( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်... )အောက်ကပုံကိုကြည့်ပါ.....
2.အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ.... ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ.....

window logon background changer လေးပါ...
ကျနော်တို့အသုံးပြုနေတဲ့ window တွေမှာ logon background လေးတွေကို လွယ်လွယ်ကူကူ ပြောင်းနိုင်ဖို့အတွက် ဒီ software လေးတင်ပေးလိုက်ပါတယ်...အောက်က ပုံလေးအတိုင်း ကိုယ် ကြိုက်တဲ့ ပုံ ပြောင်းနိုင်ပါတယ်...
သူငယ်ချင်းတွေအားလုံးသုံးလို့ရအောင် window logon background changer software လေးတင်ပေးလိုက်ပါတယ်...ကျနော် mediafire ကနေတင်ပေးထားတာပါ...မရတဲ့ သူငယ်ချင်းများ comment လေးချန်ထားပေးပါ..ကျနော် ပြန်တင်ပေးပါ့မယ်...ဘယ်ကနေတင်ပေးဆိုတာလေးတော့ပြောပြကြပါသူငယ်ချင်းတို့ရေ...
software လေးကိုစဖွင့် ဖွင့်ခြင်းမှာတော့ default background တွေပေါ်လာမှာပါ...ကိုယ်ကြိုက်တဲ့ပုံပြောင်းဖို့ကတော့ ကျနော် တင်ပေးထားတဲ့ ပုံလေးကိုကြည့်ပြီးပြောင်းနိုင်ပါတယ်ဗျာ...
DOWNLOAD HERE>>>>>>>>>>>>>>> MediaFire
သူငယ်ချင်းတွေအားလုံးသုံးလို့ရအောင် window logon background changer software လေးတင်ပေးလိုက်ပါတယ်...ကျနော် mediafire ကနေတင်ပေးထားတာပါ...မရတဲ့ သူငယ်ချင်းများ comment လေးချန်ထားပေးပါ..ကျနော် ပြန်တင်ပေးပါ့မယ်...ဘယ်ကနေတင်ပေးဆိုတာလေးတော့ပြောပြကြပါသူငယ်ချင်းတို့ရေ...

DOWNLOAD HERE>>>>>>>>>>>>>>> MediaFire
Thursday, August 25, 2011
Window 7 personalize ပြဿနာ....
ကျနော်တို့ Windows 7 သုံးတဲ့အခါ အမျိုးအစားတွေ အများကြီးရှိတဲ့ အနက်မှ Windows 7 Starter တို့ Windows 7 Home Basics တို့သုံးကြတဲ့အခါ Dsktop မှာ Right Click ထောက်ကြည့်တဲ့အခါ Personalize မပါလာတာကို တွေ့ရတတ်ပါတယ်....သာမန်အားဖြင့်ဆို Right Click ထောက်ပြီး မိမိတို့ လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရနိုင်ပါတယ်....
ဥပမာFolder,Icons တွေမှာ မြန်မာလို Name ပေးထားပြီး မပေါ်ရင် Personalize လေးကိုနှိပ်ပြီး ပြောင်းလေ့ရှိကြပါတယ်...အခုကျနော် ဝေမျှချင်တာကတော့ Personalize မပါတဲ့ Windows တွေမှာ Personalize မှာလုပ်လို့ရတဲ့ အရာတွေဖြစ်တဲ့ themes, background, sounds, screen saver, mouse pointer, desktop icons အစရှိတဲ့ အရာတွေကို မိမိစိတ်ကြိုက် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေပါ....

လုပ်နည်းများ
Change System Sound ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change Sound လို့ရိုက်လိုက်ပါ.....Sound နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ကျလာပါလိမ့်မယ်...ကျလာတဲ့ အထဲကမှ Change System Sound ကို Click နှိပ်လိုက်ပါ...
2. Click နှိပ်လို့ ကျလာတဲ့ Sound ဆိုတဲ့ Box လေးထဲကမှ မိမိပြောင်းချင်တဲ့ အသံလေးတွေကို ပြောင်းလို့ရနိုင်ပါတယ်...
Screen Saver ပြောင်းနည်း
ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ Change screen saver လို့ရိုက်လိုက်ပါ...ကျလာတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Screen saver ပြောင်းနိုင်ပါတယ်...
Color Scheme ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ....ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ...
2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box လေးထဲကမှ မိမိစိတ်ကြိုက် theme ကို ပြောင်းနိုင်ပါတယ်...
Folder name, Icons မြန်မာလို ပေါ်အောင်ပြောင်းနည်း (သို့) Windows Background ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ theme လို့ရိုက်လိုက်ပါ....ပေါ်လာတဲ့ အထဲကမှ Change the color scheme ကို Click လိုက်ပါ...
2. Click နှိပ်လို့ ကျလာတဲ့ Window Color and Appearance Box ထဲကမှ Advance ကိုနှိပ်လိုက်ပါ...
3. ထပ်ကျလာတဲ့ Windows Color and Appearance ထဲကနေ မိမိစိတ်ကြိုက် ပြောင်းနိုင်ပါတယ်...
Desktop Icons စိတ်ကြိုက်ထားနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ.....ပေါ်လာတဲ့အထဲမှ Show or Hide common icons on the desktop ကို Click လိုက်ပါ...
2. ကျလာတဲ့ Desktop Icon Setting ထဲကနေ မိမိစိတ်ကြိုက် Icons လေးတွေ ထားလို့ရပါတယ်...
3. Change Icon ဆိုတာလေးကို Click ပြီးတော့လည်း မိမိစိတ်ကြိုက် ပြောင်းလို့ရပါတယ်....
Mouse Pointers ပြောင်းနည်း
1. ပထမဆုံး Start Menu ရဲ့ Search Box လေးမှာ icons လို့ရိုက်လိုက်ပါ...ပေါ်လာတဲ့ အထဲကမှ Change how the mouse pointer looks ကို Click နှိပ်လိုက်ပါ...
2. ကျလာတဲ့ Mouse Properties ဆိုတဲ့ Box လေးထဲကနေ မိမိစိတ်ကြိုက် Mouse Pointer လေးတွေ ပြောင်းနိုင်ပါတယ်....
အဆင်ပြေကြပါစေ...ကျနော် စက်မှာ မြန်မာလိုရေးမှတ်ထားတာတွေပျောက်သွားလို့ လိုက်ကလိရင်းနဲ့ တွေ့သွားတာပါ...ကျနော် လို မြန်မာစာတွေ ရေးမှတ်ထားပြီးပျောက်သွားတဲ့ သူငယ်ချင်းတွေအတွက်ပါဒီပို့စ်လေးတင်ပေးလိုက်တာပါဗျာ....သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေဗျာ....
Wednesday, August 24, 2011
IDM v6.07 build 8 final incl Crack....
firefox 7 ဆွဲတာမှာ အဆင်ပြေစေဖို့အတွက်
IDM လေးတင်ပေးထားပါတယ်....ကျနော် ifile ကနေတင်ပေးထားတာပါ..ဆွဲ လို့မရတဲ့ သူငယ်ချင်းများ comment လေးချန်ထားခဲ့နော်...ကျနော် ပြန်တင်ပေးပါ့မယ်...
ခင်မင်လျက်...
နေမခကြယ်...
IDM v6.07 build 8 FINAL Incl Crack
IDM လေးတင်ပေးထားပါတယ်....ကျနော် ifile ကနေတင်ပေးထားတာပါ..ဆွဲ လို့မရတဲ့ သူငယ်ချင်းများ comment လေးချန်ထားခဲ့နော်...ကျနော် ပြန်တင်ပေးပါ့မယ်...
ခင်မင်လျက်...
နေမခကြယ်...
IDM v6.07 build 8 FINAL Incl Crack
Tuesday, August 23, 2011
အမူးသမား..၁၁..ပါး..အများ..သိစေအပ်(သင်ကော ဘယ်နံပါတ်ထဲမှာပါလဲ)
(1) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို
ဒေါသထွက်ကာ ရန်ရှာတတ်သူ
(2)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို
တယောက်တည်း ဒိုင်ခံ အားပေးသူ
(3) ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ
စိတ်ဝင်စားတော့သူ
(4) မျောက်မူး....ခုန်ချင်ပေါက်ချင်
ကချင်လာသူ
(5)၀က်မူး....တွေ့ရာနေရာတွင်
ထိုးအိပ်တတ်သူ
(6)ဆက်ရက်မူး..... အဆက်မပြတ်
တော်ကီလွှတ်သောသူ
(7)တောက်တဲ့မူး.....ခွါမရတော့အောင်
ကပ်ရစ်၍ တိုင်ပတ်သောသူ
(8)နွားမူး......မူးလာလျှင် ချည်တိုင်ကို
သတိရ၍ ပြန်ရန်ပြင်တတ်သူ
(9)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ
(10))မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သည်
လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်
(11)သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း
ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ

firefox 7 beta version...
firefox 7 beta version လေးပါ...အများကြီးပဲ ရှိပါတယ်...ကြိုက်တာသာ ယူပေတော့....firefox ချစ်သူများအတွက် သွားရောက်ယူဆောင်နိုင်ပါတယ်ဗျာ...ကျနော်အောက်မှာ လင့်လေးပေးထားပါတယ်....
download here....ဒီနေရာလေးကနေ သွားရောက်ယူဆောင်နိုင်ပါကြောင်းပါဗျာ...
အဆင်ပြေကြပါစေ...

အဆင်ပြေကြပါစေ...
Friday, August 12, 2011
Facebook သုံးသူများအတွက်ပါ...
Facebook ကနေ gmail တို့ လို yourname@facebook.com ဆိုပြီး
မေးလ်အကောင့် လေးတွေ ပေးနေပါပြီ..ဒါဆိုတော့ ကိုယ်နာမည်လေး နဲ့  FB အကောင့် မေးလ်နဲ့
တယောက်နဲ့  တယောက်စာ ပို့ တာ တို့  ဖိုင် ပို့  တာ တို့  သီချင်းပို့ တာ တို့ လုပ် နိုင်တာပေါ့ နော်
အောက်ပါလိပ်စာကနေ သွားရောက်လုပ်ယူနိုင်ပါတယ်...
http://www.facebook.com/about/messages/
Request an Invitation ကိုနှိပ်ပြီးရင် You will receive an invite soonဆိုတာတွေ့ ပါ မယ်..
FB က ကျနော်တို့ ကို လက် ခံ ပေးမှသာ ကျနော်တို့  သုံးနိုင်မှာဖြစ်ပါတယ်...
၂ ပတ်ကျော်ကျော် ၃ ပိတ်လောက်မှ ရတာ ရှိသလို....ခဏလေးနဲ့ရတာလဲရှိပါတယ်...ကျနော် တော့ခဏလေးနဲ့ ရလိုက်တယ်...ကံ က အဲလို..:)..
ခင်မင်စွာဖြင့်
နေမခကြယ်

Thursday, August 11, 2011
ကျနော်တို့ ဖွင့်ချင်တဲ့ software တွေကို mouse မသုံးပဲဖွင့်ကြရအောင်...
ပထမဆုံးအနေနဲ့ကိုယ်ဖွင့်ချင်တဲ့ software ကို right click နှိပ်ပြီး properties ကိုသွားပါ...
properties ကို နှိပ်လိုက်ရင် properties box လေးတက်လာပါလိမ့်မယ်..shortcut ခေါင်းစဉ်ရဲ့အောက်မှာ shortcut key ကိုတွေ့တယ် မလား... အဲဒီမှာ မလုပ်ထားသေးရင်တော့ None ဆိုလို့ပဲရှိနေလိမ့်မယ် .... ပြောင်းလိုက်မှာပေါ့ဗျာ...ပြောင်းတယ်ဆိုတာ ...Ctrl,Alt,Shift, တစ်မျိုးမျိုးကို နိပ်လိုက်ရုံနဲ့ Ctrl+Alt+က အဆင်သင့်ရှိနေလိမ့်မယ် အဲ့ခါကျရင် မိမိကြိုက်တဲ့ အင်္ဂလိပ်စကားလုံး တစ်လုံးလုံးကို ရွေးလိုက်ပါ ....ခု ကျနော် ဖွင့်နေတာ က yahoo messenger လေ အဲဒါကြောင့် y လို့ပဲ ရိုက်လိုက်တယ် .....ဒါမှမှတ်မိမှာကိုး အများကြီးလုပ်ထားတော့ software ကို မှတ်မိလွယ်အောင်ပါ....
ပြီးပြီ ဆိုရင်တော့ apply ok နှိပ်ပြီး ပိတ်လိုက်ပါ...ပြီးရင် ခုနက ကျနော်တို့ ထည့်ထားတဲ့ shortcut key လေးကိုပြန်နှိပ်ကြည့်ပါ...yahoo messenger ပွင့်လာပါလိမ့်မယ်...
အဆင်ပြေကြပါစေ...
ခင်မင်စွာဖြင့်..

Saturday, August 6, 2011
Browser Plugin တွေကို အမြဲ Update ဖြစ်နေအောင်
ဒီ Plugin ကတော့ ကျနော်တို့ အမြဲအသုံးပြုနေတဲ့ Browser မှာ ရှိတဲ့ Software ဆိုင်ရာ Plugin သို့မဟုတ် သီးသန့်တင်ထားတဲ့ Plugin တွေကို Update ဖြစ်မဖြစ် စစ်ဆေးပေးနိုင်ပြီး Update ဖြစ်အောင်ပါ Fix လုပ်ပေးနိုင်တဲ့ Plugin Application ပဲ ဖြစ်ပါတယ်...ဒီ Plugin က Internet Explorer, Mozilla Firefox, Google Chrome, Safari, Opera အပြင် ကျန်တဲ့ Browser တော်တော်များများကိုလည်း Support လုပ်ဆောင်ပေးပါတယ်....စမ်းသပ်အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ သွားရောက်စမ်းသပ် အသုံးပြုနိုင်ပါတယ်...
Tuesday, August 2, 2011
ဒီလိုမျိုးတော့ ဘယ်ဖြစ်ချင်မလဲနော်....
ကျနော် ကြည့်ခဲ့ဖူးတဲ့ video လေးထဲက အကြောင်းလေးပါ....video ဆိုပေမဲ့ ဘာဇာတ်ကောင်မှ မပါ ပါဘူး...စာသားလေးတွေပဲပါတာပါ.....တော်တော်လေးလဲ သတိတရားရ စရာလေးပါ....ဘယ်လိုလေးလဲဆိုတော့..
ကောင်လေး နဲ့ ကောင်မလေး က ချစ်သူတွေပေါ့....ဒါပေမဲ့ ကောင်လေးက သူ့ချစ်သူ ကောင်မလေးပေါ်မှာ ဂရုမစိုက်ဘူး...သူ့လုပ်ချင်တာပဲ သူလုပ်နေတာလေ...
အတ္တ ကြီးတယ်လို့ပဲပြောရတော့မှာပေါ့နော်.....ကောင်မလေးက သူ့ဆီကို ဖုန်းဆက်လဲ မကိုင်ဘူး..
message ပို့တော့လဲ ပြန်ပြီး reply မလုပ်ဘူး....အဲလိုပဲနေလာကြတာ လ နည်းနည်းကြာလာတော့ ကောင်လေးက ကောင်မလေး ကို သတိတွေရလာတာပေါ့...ကောင်မလေး မနက်မနက် ပို့ပေးတဲ့ message ဖြစ်တဲ့ good morning dear ညဘက်တွေမှာ ပို့ပေးတဲ့ good night dear တွေကို သတိရလာတယ်...သူ ကိုယ်တိုင်လဲ သူ ကောင်မလေးကို လက်မလွှတ် ချင်အောင် ချစ်နေတယ်ဆိုတာလဲ သိသွားတယ်...ဒါပေမဲ့...
တရက်ကြတော့ ကောင်မလေးက သူ့ဆီကို ဖုန်းဆက်ပြီး တောင်းပန်တယ်...သူ့မှာ နောက်ထပ် အသစ်တယောက်ရနေကြောင်း နဲ့ သူ့ကို ခွင့်လွှတ်ပေးဖို့ပြောလာတယ်...ကောင်လေး သူ့ကို ဂရုမစိုက်တဲ့ အချိန်တွေမှာ ကောင်မလေးက နောက်တယောက် ရသွားတယ်လေ...ကောင်လေး အရမ်းဝမ်းနည်းသွားတယ်..ဘာလို့လဲဆိုတော့ သူကောင်မလေးကို မစွန့်လွှတ် နိုင်အောင် ချစ်နေပြီဆိုတာ သူသိတဲ့ အချိန်ကြတော့ကောင်မလေးမှာ အသစ်ရနေပြီလေ...သူ့ကိုယ်သူလဲ သူအရင် အချိန်တွေတုန်းကအတ္တ ကြီးခဲ့မှန်းသိသွားတယ်...ဒါပေမဲ့ သူ သူ့ကိုယ်သူ သိလိုက်တဲ့ အချိန်က အရမ်းနောက်ကျသွားပြီလေ...သူ့အတ္တစိတ်ကြောင့် သူအရမ်းချစ်တဲ့သူကို လက်လွှတ်လိုက်ရပြီလေ...
ကဲ..ကျနော်တို့လဲ ကိုယ့်အတ္တ စိတ်လေးကို နည်းနည်းဖြစ်ဖြစ် ချိုးနှိမ်ပြီး ကိုယ်ချစ်တဲ့သူကို မဆုံးရှုံးရအောင် ကိုယ့်ကောင်မလေးအတွက် အချိန်ပေးလိုက်ကြရအောင်ဗျာ...

Monday, August 1, 2011
gtalk ကို မိမိ ကြိုက်သလောက် ဖွင့်ကြရအောင်...
ပထမ အနေနဲ့ start ထဲမှာ gtalk icon လေးကို ရှာပါ...ဒါမှမဟုတ် desktop ပေါ်မှာရှိတဲ့ gtalk icon လေးကို right click နှိပ်ပြီး properties ကိုသွားပါ..
properties ထဲက ကျနော်ပြထားတဲ့ ပုံလေးထဲက
"C:\Users\sony\AppData\Roaming\Google\Google Talk\googletalk.exe" /startmenu
နောက်မှာ space လေးတချက်နှိပ်ပြီး ဒါလေးကို ပေါင်းထည့်ပေးလိုက်ပါ /nomutex
ပြီးသွားရင်တော့ apply ok နှိပ်လိုက်ပါ.....အားလုံး ပြီးသွားပြီဆိုရင် gtalk icon လေးကို တချက်လောက် click ကြည့်ပါ...gtalk box လေးနောက်တခုထပ်ထွက်လာပါလိမ့်မယ်....ပျော်ရွှင်စွာ chat နိုင်ကြပါစေဗျာ..

ကျနော် blog လေးကိုလာလည်သော သူငယ်ချင်းမိတ်ဆွေများသို့...ဖတ်ဖြစ်အောင်ဖတ်ပေးပါ....
ကျနော် ခု လ နဲ့ ရှေ့ လ နှစ်လလောက် ကျနော် အလုပ်တွေများနေလို့ post မတင်ဖြစ်ရင် ခွင့်လွှတ်ပေးကြပါနော်...ကျနော် ရ တဲ့အချိန်လေးတွေမှာရအောင်တင်ပေးပါ့မယ်....ကျနော် နဲ့ လက်တွဲပြီး ကျနော် blog လေးကို ကူညီ လုပ်ကိုင်ပေးမယ့် သူငယ်ချင်းမိတ်ဆွေများ ၀ါသနာတူသူများကိုလဲ ဖိတ်ခေါ်ပါတယ်ဗျာ....ကျနော်လဲ ပညာရတာပေါ့နော်...ကျနော်ကို ဟာကွာဒီကောင် blog လုပ်နေပြီးဘာမှလဲမသိဘူးလို့ ပြောရင်တောင်ကျနော်ကျေကျေနပ်နပ်လက်ခံပါတယ်...ကျနော်တကယ်ကို ခုမှ စလေ့လာနေတာပါ...ကျနော် သင်ယူရမယ့် ပညာတွေအမျာကြီးရှိပါတယ်...ကျနော် ဒီ blog လေးကို လုပ်ရခြင်းအကြောင်းကလဲ ဒီ blog လေးကို ရောက်လာကြတဲ့ သူငယ်ချင်းမိတ်ဆွေ များဆီက IT နဲ့ပတ်သက်တဲ့ အကြံဥာဏ် လေးများရမလားဆိုပြီး လုပ်ဖြစ်သွားတာပါ....
ခင်မင်လျက်
နေမခကြယ်...
ခင်မင်လျက်
နေမခကြယ်...
Subscribe to:
Posts (Atom)