Saturday, October 22, 2011

Unblock Blogspot Proxy Sites...

Trying to unblock blogger or blogspot? Use these free proxy sites below to do that! So you can read important blogs and news around the world!

http://fbtu.com
http://surfwow.info
http://www.anonyms.org

စမ်းကြည့်ကြပေါ့နော်...ကျနော် အမှတ်မထင်တွေ့လာတဲ့ sites လေးတွေပါ....

Friday, October 21, 2011

ကွန်ပျူတာတွက် Desktop အလှဆင်ဖို့ပါ...

မင်္ဂလာပါ....လာလည်သူများအတွက် ကွန်ပျူတာ Desktop dock တစ်ခုကို မျှဝေချင်ပါတယ်...ကွန်ပျူတာ အလှဆင်ဖို့ Dock တွေ အများကြီးရှိပေမယ့်...ဒီတစ်ခုကိုတော့ ကျနော်အကြိုက်ဆုံးပါ... 3D graphicကတော့ အပျံစားလို့ ပြောနိုင်ပါတယ်...

ဒီဆော့ဝဲလေးက freeware ဖြစ်ပါတယ်...တကယ်လို့ ဒီထက်အကောင်းဆုံးကို လိုချင်ရင် သူ့မူရင်းဆိုက်မှာ ultimate ကိုတော့ ပိုက်ဆံပေးရမှာပေါ့ဗျာ... freeware ပဲ သုံးမယ်ဆိုရင် အောက်မှာ

ပေးထားတဲ့လင့်အတိုင်း ဒေါင်းသွားပါခင်ဗျာ.. ဒီ Dock က function တော်တော်စုံပါတယ်..mouse effect တွေလည်း အမျိုးမျိုးအသုံးပြုနိုင်ပါတယ်...screen ကိုလည်း capture ဖမ်းရိုက်လို့ရပါတယ်...အသေးစိတ်သိချင်ရင် မူရင်းဆိုက်မှာ သွားလေ့လာနိုင်ပါတယ်ခင်ဗျာ... ပျော်ရွှင်ပါစေ...

ဒေါင်းလုတ်လင့်.....winstep Nexus Docks click here

http://www.winstep.net/nexus.asp

Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင်...

Run box မှာ control desktop လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

Desktop option အောက်က customize desktop ဆိုတဲ့ button ကို click ပါ
Desk Itoms dialog box မှ web ကို click ပါ new , New Desktop Item မှာ မိမိထည့်ချင်တဲ့
Gif file ကို browse ကနေရွေးပြီး ထည့်လိုက်ပါ

ပြီးရင်တော့ ok , apply, ok ပေါ့

ကျွန်နော်တို့ Desktop ပေါ်မှာ Gif ပေါ်လာပါပြီ.....
ပြီးရင်တော့
ကိုလိုချင်တဲ့ နေရာမှာထားလိုက်ပေါ့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Desktop ပေါ်မှာ
right click ထောက်ပြီး Desktop Item ဆိုတဲ့ dialog box ထိရောက်အောင်ပြန်သွား လိုက်ပါဦး
Lock desktop item ဆိုတဲ့စာသားလေး check ပေးပြီး Ok ,Apply,Ok…….
အခုဆိုရင် gif file ဟာ မိမိစိတ်ကြိုက်ထား ထားတဲ့နေရာမှာလှပစွာနဲ့ မြင်တွေ့ ရပါလိမ့်မယ်.....

Wednesday, October 19, 2011

website လေးတခု မျှဝေပေးချင်ပါတယ်...

http://cooltemplate.com/ 
လေးပါ...ဒီဆိုဒ်လေးထဲမှာ template လေးတွေလုပ်ကြည့်လို့ရပါတယ်..ကျနော်တော့ ဘာမှ မကျွမ်းလို့ မစမ်းတော့ဘူး..စမ်းသပ်အသုံးပြုချင်သူများအတွက်ပြန်မျှ ပေးလိုက်တာပါ...ဘာတွေပါလဲ ဆိုတော့.. html template...,wordpress....,joomla နဲ့ ASP.net တွေပါပါတယ်....

Google Search engine backgrounds ...

Google Search engine မှာ ပုံလှလှတွေကို back ground အနေနဲ့အလှဆင်ကြမယ်....

အရင်ဆုံး Google ကို log in အနေနဲ့ ဝင်ရောက်လိုက်ပါ......
ပြီးရင် အောက်ဖက်က ဘယ်ဘက်ထောင်မှာ
..Change background image ဆိုပြီးတော့တွေ့ပါလိမ့်မယ်....
အဲဒီမှာ click လိုက်ရင် BOX တစ်ခု ကျလာပါလိမ့်မည်...အဲဒီ box ထဲမှာ ပုံကို စိတ်ကြိုက် ပုံတစ်ပုံကိုရွေးပြိးတော့
ပြောင်း လိုက်ရုံပါပဲ....
မိမိ စိတ်ကြိုက်ပုံတင်ချင်ရင်တော့...from my computer ဆိုတဲ့ tab မှ browser မှာ စိတ်ကြိုက် ရှာနိုင်ပါတယ်..

Folder တွေဖွင့်ရတာ ကြာနေရင် ...

ကွန်ပျုတာနည်းပညာဆိုင်ရာ စာအုပ်များ..

စာအုပ်အမည်= ၀က်ဘ်ဆိုဒ်ရေးနည်းလမ်းညွှန်
ရေးသားသူ= mmshare.org
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= ကွန်ပျူတာအမေးအဖြေ
ရေးသားသူ= ကွန်ပျူတာစာတည်းအဖွဲ့
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= ၀က်ဘ်ဒီဇိုင်းလက်တွေ့
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= Window OS Volume 1
ရေးသားသူ=မြန်မာမိသားစု
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= Window Vista Install
ရေးသားသူ= Kosannyeinn
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= Window Server 2003
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= Starting Photoshop CS
ဒေါင်းလုတ်ချရန်
စာအုပ်အမည်= နေ့စဉ်သုံးအင်တာနက်
ရေးသားသူ= မျိုးသူရ
ဒေါင်းလုတ်ချရန်
       အဆင်ပြေရာlinkကနေ စမ်းပြီး သုံးနိုင်ပါတယ် ။ ပုံပေါ်ကို နိပ်လိုက်ပါ ။
1.

2.

3.

4.

5.

6.

Cool Screen Capture v7.0.1.521..

Screen ကို Capture ဖမ်းယူရသော လုပ်ငန်းစဉ်များအတွက် Screen Capture Software များစွာရှိသည့် အနက် အသုံးပြုရလွယ်ကူသော Cool Screen Capture မှာ version 7.0.1.521 ထိပင် ထွက်ရှိလာခဲ့ပါပြီ...Capture ဖမ်းယူရာတွင် ကွန်ပျူတာနောက်ခံကြီးတစ်ခုလုံးကို အရည်အသွေးကောင်းမွန်သော AVI အမျိုးအစားဖြင့် ထုတ်ယူ ရရှိနိုင်ပါတယ်....သင်ထောက်ကူမှု ပြုရသော လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထူးပင် သင့်လျော်လှပါသည်...ကျနော် သူ့မူရင်းလင့်အတိုင်းပဲ ပြန်တင်ပေးလိုက်ပါတယ်....


Download here

Oxford Dictionary Portable

ဒါလေးကတော့ သူငယ်ချင်းများ အားလုံးအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Oxford Dictionary Portable လေးပါဘဲ။ နက်မရှိလည်း စက်ရှိတာနဲ့ စာအုပ်လှန်စရာမလို ကိုယ်လိုရာကို အချိန်တိုအတွင်း တိတိကျကျ မိမိရရ ရှာပေးနိုင်လို့ ဆောင်ထားသင့်တဲ့ ဆေးတစ်ခွက်ပါ။ တကယ်အသုံးကျလို့ သတိတရနဲ့ ဝေမျှလိုက်ပါတယ်။ Download ချရာမှာ မြန်မာပြည်မှ သူငယ်ချင်းများလည်း အဆင်ပြေအောင် Multiupload နဲ့တင်ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Download multiupload

Tuesday, October 18, 2011

Defraggler 2.07.346 ..






ဒါကတော့ကျနော်တို့ စက်ထဲမှာ ရှုပ်နေတာတွေကို ဖိုင်ပြန်စီပေးတာလေးပါ....စက်နည်းနည်းပေါ့သွားတာပေါ့....

Download here

WInamp 5.621 FULL...

ဒါက Audio Player လေးပါ....များလွန်းအားကြီးလို့ဘာသုံးရမှန်းတောင်မသိတော့ဘူး...ဟီး..နောက်တာပါ...
ကြိုက်တဲ့ဟာသာ ဒေါင်းပေတော့နော်...ကျနော် attachment နဲ့ပဲ ပေးထားပါတယ်...




Download here

KMP Player 3.0..

ဒီကောင်လေးကလဲ ကောင်းပါတယ်...player တွေအများကြီးထဲက တခုပေါ့..ကျနော် attachment လေးတင်ပေးထားပါတယ်...

Download Here..

AIMP 3 Audio Player...







ဒီကောင်ကတော့ကျွန်တော်အကြိုက်ဆုံးဟာလေးပေါ့...ကြိုက်သာ ကြိုက်တာ တခါတလေ သီချင်းနားထောင်မှ ဖွင့်ဖြစ်တယ်... skin တွေလဲတော်တော်များများလည်းပါပါတယ်...
သီချင်းနားထောင်ရာတွင်အသံကကြည်နေတာပဲ....သုံးကြည့်ပေါ့...

Download here... Mediafire

Cyberlink PowerDVD ULTRA 11.0.1919..







ဒီကောင်လေးကတော့ Video Player လေးပါ....နောက်ဆုံးထွက်ဆိုတော့အစုံပါ
ပါတယ်... 3D ပါကြည့်လို့ရပါတယ်....ကျနော် ဒေါင်းလုပ်ပေးထားပါတယ်..အဲ တခုတော့ရှိတယ်...အခု ကျနော်ပေးထားတဲ့ downloader ကိုအရင်ဒေါင်းပြီး run လိုက်တာနဲ့ သူ့အလိုလိုဒေါင်းပေးပါလိမ့်မယ်...
Download here..

Winrar 4.01...

ဒါကတော့ RAR ဖိုင်တွေလုပ်တဲ့ဟာပေါ့....ဖိုင်ဆိုဒ်ကိုချုံတဲ့ဟာလေးပေါ့...တချို့ software တွေက rar တွေနဲ့ပဲများတော့ စက်တိုင်းဆောင်ထားသင့်တဲ့ software လေးတခုပါ...ကျနော် 32 bit နဲ့ 64 bit နှစ်မျိုးစလုံးအတွက်တင်ပေးလိုက်ပါတယ်...


for 32 bit..Download this

for 64 bit..Download this

File Recovery Software...






ကဲဒါကတော့မိမိစက်မှာမှားဖျက်တဲ့ File တွေပြန်ရှာတဲ့ Software လေးပါ... Upload တင်တာကြာနေလို့သူ့လင့်ခ်အတိုင်းပဲပြန်တင်ပေးလိုက်ပါတယ်...

DOWNLOADHERE....Mediafire

Monday, October 17, 2011

pdf to word....

pdf to word ပြောင်းတဲ့ software လေးတခုပါ...တခုက မြန်မာလို မပေါ်ဘူးဗျ...ကျနော်လဲ ကလိတာပဲ..ဘယ်လိုမှ မရဘူး....ရသွားတဲ့သူတွေလဲ comment လေးတော့ပေးခဲ့ပါ....ကျနော် mediafire ကတင်ပေးလိုက်ပါတယ်....

DOWNLOAD HERE... Mediafire

Quick-PDF PDF To Word Converter 2.0 portable.....




ဒါကတော့ pdf ကနေ word ကို ပြောင်းတဲ့ pdf converting software တစ်ခုပါ .... ဘယ် pdf အမျိုးအစားပဲဖြစ်နေ ဖြစ်နေ ပြောင်းလဲပေးနိုင်ပါတယ် .... MS 2007 မှ 2003 မှ မရွေးပါဘူး ... ကြိုက်တဲ့ Microsoft office နဲ့ဖွင့်ပါ ဖွင့်လို့အဆင်ပြေပါတယ် .... အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ....
DOWNLOAD HERE.... Mediafire / Ifile.it

Super Screen Capture 5.55+Serial...

ဒါလေးက Screen ပေါ်ကဟာတွေကိုဓာတ်ပုံရိုက်ပေးတဲ့ဟာလေးပါ။ကျွန်တော်လည်းလိုက်ရှာရင်းနဲ့သုံးရလွယ်ကူတဲ့ဒီကောင်လေးကိုတွေ့သွားပါတယ်။Register အတွက် Serial ပါပါတယ်။အောက်မှာကျနော်ပေးထာပါတယ်....ဒေါင်းလိုက်ကြပါနော်...

DOWNLOAD HERE.... Mediafire

Sunday, October 16, 2011

MP 3 သီချင်းများအတွက် HTML Code ထုတ်နည်း....


(၁) http://www.myanmarfriendconnect.com/ မှာ Account ကို Register လုပ်ထားပါ။ ပြီးရင် ရလာတဲ့ Account ကို Sign in ပြန်လုပ်ထားပါ။


(၂) Audio Tab ကိုနှိပ်ပြီး ဖွင့်ထားပါ။ ပြီးရင် My Audio ကိုနှိပ်ပါ။(ကိုယ့် Upload တင်ပြီး ကုဒ်ထုတ်ထားတဲ့ သီချင်းတွေကြည့် သီးသန့် ထားတဲ့ နေရာပါ)


(၃) Add an audio track ကိုနှိပ်ပါ။ ဒီဇိုင်းပြောင်းပြီး Box ကျလာမယ်


(၄) Add Audio Track (Add multiple audio tracks) ဆိုတဲ့ ခေါင်းစဉ်အောက်က Browse ကိုနှိပ်ပြီးတော့ ကိုယ့်စက်ထဲက MP3 သီချင်းကို ယူလိုက်ပါ


(၅) Title ဆိုတဲ့ ခေါင်းစဉ်အောက် Box အဖြူးလေးထဲမှာ ကိုယ့်ထည့်မယ့် သီချင်းရဲ့ ခေါင်းစဉ်ကိုရေးပါ။


(၆) Audio Thumbnail:: ခေါင်းစဉ်အောက်က Browse ကိုနှိပ်ပြီးတော့ ကိုယ့်သီချင်းလိုဂိုလေး ထည့်ပါ (ကြိုက်ရာပုံထည့်ပါ)


(၇) Add Audio Track ကိုနှိပ်လိုက်ပါ။ Uploading Box ကျလာပါလိမ့်မယ်။


(၈) ကိုယ်လုပ်ထားတဲ့ သီချင်းခေါင်းစဉ်လေးနဲ့ ပုံစံလေးကျလာပါပြီ။

ကျလာတဲ့ ပုံစံလေးထဲက ကိုယ့်သီချင်းခေါင်းစဉ်ပေါ်ကို နှိပ်လိုက်ပါ။

ဒါဆို MP 3 ထည့်နေကြဒီဇိုင်းလေးရပါပြီ။ ဒါပေမယ့်တန်းထည့်လို့ မရသေးပါဘူး



(
၉) အဲ MP 3 ပုံစံလေးရဲ.ညာဘက်ထောင့်စွန်းက Share ကိုနှိပ်လိုက်ပါ။ဒါဆိုကုဒ်တွေထွက်လာပါပြီ။ အဲကျမှ Copy To
Clipboard နှိပ်ပြီးတော့ Copy ယူထားလိုက်ပါ။ ဒါဆိုရင် MP 3 သီချင်းလေးအတွက် ကုဒ်လေးရသွားပါပြီ။(နမူနာလေး ကြည့်ပါဦး)
(အဲဒီနမူနာကုဒ်တွေထဲက autoPlay=0& amp; ဆိုတာကို =1 လို့ပြောင်းပေးပါ။ အဲဒါက ဘာပြောတာလည်း ဆိုရင် သီချင်းကို အမြဲတမ်း Auto Play နေစေချင်လို့ ဖြစ်ပါတယ်)

ကိုယ်ပိုင်စာမျက်နှာက Text Box ထဲမှာ အဲဒီကုဒ်ကို သွားထည့်လိုက်ရင် ရပါပြီ အဆင်ပြေဖို့ မျှော်လင့်ပါတယ် ...

Zawgyi Keyboard Installer for Windows 7 (64-bit)



Windows 7 (64-bit) အတွင်းတွင် Alpha Zawgyi Uni-code ကို ထည့်သွင်းအသုံးပြုသောအခါ စာရိုက် မရသည့် ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။ ထိုကဲ့သို့ ကြုံတွေ့ခဲ့ရပါက Zawgyi Keyboard Layout လေးကို Download ပြုလုပ်၍ install တင်လိုက်ခြင်း အားဖြင့် အဆင်ပြေသွားနိုင်ပါသည်။ မိမိအသုံးပြုနေသည့် ကွန်ပျူတာရဲ့ Operation System ဟာ 32-bit လား၊ သို့မဟုတ် 64-bit လားဆိုတာကို စစ်ဆေးကြည့်ရှုနိုင်ရန် My Computer ရဲ့အပေါ်မှာ Right Click တစ်ချက်နှိပ်၍ Properties ကို ရွေးချယ်လိုက်ပါ။ ထိုအခါတွင် အထက်ပါ ပုံစံအတိုင်း System type တွင် 64-bit လား၊ 32-bit လား ဆိုသည်ကို ဖော်ပြပေးထားပါတယ်။ ထို့ကြောင့် 64-bit ဖြစ်နေသော သင့်စက်အတွက် Alpha Zawgyi ကို install ပြုလုပ်သောအခါတွင် conflict ဖြစ်နေရခြင်းပင် ဖြစ်သည်။

-အကယ်၍များ သင့်စက်တွင် Language Bar မပေါ်လာခဲ့ပါက Control Panel အတွင်းမှ Regional and Language ကို Open လုပ်ပါ။ ပေါ်လာသော Menu အတွင်းမှ Language Bar ကို Click နှိပ်၍ ရွေးချယ်ပေးပါ။ ဆက်လက်၍ Docked in the taskbar နှင့် Show text labels on the Language bar ကို အမှန်ခြစ်တပ်ရွေး ချယ်လိုက်ပါ။
-သင့်စက်ရဲ့ Language Bar အတွက် Key Sequence များကို ပြောင်းလဲလိုပါက Advanced Key Settings ကို ရွေးချယ်ရပါမည်။ ထို့နောက် Change Key Sequence ကို Click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် Ctrl + Shift ကို ရွေးချယ်လိုက်နိုင်ပါသည်။ ဒါဆိုရင် Windows 7 (64-bit) အတွင်း မြန်မာစာနဲ့ အင်္ဂလိပ်စာကို Ctrl + Shift တွဲနှိပ်၍ အလှည့်ကျ ရိုက်လို့ရသွားပေမည်။ ပြီးပြီဆိုရင်တော့ Apply > OK နှိပ်၍ ပြန်ထွက်လိုက်ပါ

Team Viewer မသုံးပဲ Team Viewer လိုပဲကြည့် ကြည့်ကြရအောင်....

ကျနော်Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်...Team viewer တို့လို အသုံးပြုနိုင်တဲ့ Tools လေးပါ.. မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Toolsလေးပါ...WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ...အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး.....
လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ....
၂။ BOX လေးတစ်ခု ကျလာပါလိမ့်မယ်...ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ..
၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ...
၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်...(BOX ကိုမပိတ်လိုက်ပါနှင့်...)
၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ...

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ..
၂။ ကြည့်လို့ ပြုပြင်လို့ရသွားပါပြီ...

သူငယ်ချင်းအားလုံးပဲ အဆင်ပြေနားလည်မယ် လို့မျှော်လင့်ပါတယ်....

facebook အကောင့်ဖျက်နည်းလေး.....

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........
ပေါ်လာတဲ့ထဲက Submit ကိုကလစ်ပါ..............
.
နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါက သင်ရဲ့အရှုပ်ထုတ်ဖြစ်နေတဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ.............

core i3 i5 i7 ကွားခြားချက်များ....

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..

ကွန်ပြူတာ အမြဲ အသုံးပြုနေသူများ မျက်စိကို ဘယ်လိုကာကွယ် ထိန်းသိမ်း မလဲ....

ကွန်ပြူတာကို တနေ့ကုန်ကြည်တဲ့သူတွေ မျက်စိအတွက် ဘယ်လိုလေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေ ကိုPlanet journal မှတဆင့် Computer သုံးဆွဲသူများ ဗဟုသုတအဖြစ် မျှဝေတင်ပြပေးလိုက်ပါတယ်။

  နေ၇ာမှန်ပါစေ..
                    သင့်ရဲ့ကွန်ပြူတာ ကီးဘုတ်၊မောက်စ် တို့ကိုနေ၇ာမှန်ထားတတ်ဖို့ အေ၇းကြီးပါတယ်၊သင့်၇ဲ့ကွန်ပြူတာ SCREENဟာ သင့်မျက်လုံးကနေ သင့်၇ဲ့ လက်တစ်လှမ်းစာအကွာ မျက်စီရဲ့(၂၀) ဒီဂရီအောက် နိမ့်နေ၇ပါမယ်။
  အလင်းေ၇ာင်..
                      သင့်အခန်းတွင်း အလင်းေ၇ာင်ပျံနှံပါစေ။ဒါမှကွန်ပြူတာ SCREEN မှလာသော အလင်းပြန်မှူကို လျော့ကျစေမှာဖြစ်တယ်။ကွန်ပြူတာ SCREEN အား သင့်မျက်လုံးနှင့်သင့်တော်သော အလင်း၊အမှောင် ချိန်ပေးရန်။ကွန်ပြူတာ အမြဲသုံးနေသူများ Anti-reflective lenses ပါသောမျက်မှန်ကို အသုံးပြု သင့်သည်။ကွန်ပြူတာ နှင့် အလုပ်လုပ်နေသူများ မီနစ်(၂၀)လောက်ကြာတိုင်း ခေါင်းကို ခဏဘေးသို့လှည်ပြီး ပေ(၂၀)လောက်ဝေးတဲ့ အ၇ာတစ်ခုခုကိုကြည့်ပါ။ဒီနည်းလမ်းဟာ သင့်၇ဲ့ ပင်ပန်းနေတဲ့မျက်လုံးကို သက်သာ၇ာ၇စေပါတယ်။နောက်ပြီး အခါ(၂၀)လောက် မျက်စီ ကို ပိတ်လိုက်၊ဖွင့်လိုက် လုပ်ခြင်းဖြင့် မျက်စီစိုစွတ်ခြင်းကို၇ယူပါ။ပြီး၇င် ထိုင်ခုံမှထပြီး ခြေလှမ်း(၂၀)လောက်လျှောက်ခြင်းဖြင့် သွေးလည်ပတ်ပါစေ။မျက်စဉ်း ခတ်ပေးပါ။လူတယောက်ဟာ တစ်မိနစ် အတွင်းပုံမှန် (၁၂)ခါ မျက်တောင်ခတ်ကြပါတယ်။ဒါပေမဲ့ ကွန်ပြူတာနဲ့ အလုပ်လုပ်နေ၇င် ငါးခါလောက်သာ မျက်တောင်ခတ်တာသင်သတိထားမိပါသလား။အကျိုးဆက်အနေဖြင့် မျက်စီ ခြောက်ကပ်စေပါတယ်။ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်းခတ်ပေးနိင်ပါတယ်။
  လက်ဖ၀ါးအုပ်ခြင်း..
                           ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်၇ဲ့လက်ဖ၀ါးနှစ်ခုကို နွေးလာသည်အထိ ပွတ်ပေးပါ။ထိုနွေးနေသော လက်ဖ၀ါးနဲ့ သင့်၇ဲ့မျက်စီနှစ်ဖက်ကို တစ်မိနှစ်ခန့် ဖုံးအုပ်ပေးပါ။ သင့်မျက်စီ ညောင်းကိုက်၊ပင်ပန်းလာတိုင်း နှစ်ကြိမ်၊သုံးကြိမ်လောက် လုပ်ပေးပါ။ထိုလက်ဖ၀ါးမှလာသော နွေးထွေးမှူသည် သင့်ရဲ့ပင်ပန်းနေသော မျက်စီကို သက်သာစေပါတယ်။
  မျက်နှာသစ်ခြင်း..
                           အားတဲ့အချိန်မှာ မျက်စီမှိတ်ပြီးေ၇အေးအေးဖြင့်မျက်နှာသစ်ပေးပါ။အင်မတန် လန်းဆန်းခြင်းကို ခံစား၇ပါတယ်။
  လက်ဖက်ခြောက်ထုပ်..
သောက်ပြီးသား လက်ဖက်ခြောက်ထုပ်ကလေးများကို လွှင့်မပစ်ပဲေ၇ခဲသေတ္တာထဲ ထည့်ထားပြီး အားတဲ့အချိန်ကျ၇င် ထိုလက်ဖက်ခြောက် အထုပ် နှစ်ထုပ်ကိုသင့်မျက်စီတဖက်စီတွင်တင်ပြီး အနားယူပါ။မျက်စီကို အေးမြစေပါတယ်။ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ  ပိုစားပေးပါ။

Realtek High Definition Audio Driver R2.39 .....

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .

Download Driver for Windows 2000, Windows XP/2003 (32/64 bits)
Download

Download Driver for Windows 7/ Vista (32/64 bits)

Driver အတွက် စိတ်မပှုနဲ့ .......

တကယ်တမ်းတော့ Driver ကို ဒီလိုကြီး
အသဲအသန်ရှာစရာမလိုလောက်ပါဘူး. ဘာဖြစ်လို့လဲဆိုတော့ Hardware ထုတ်တဲ့ Company တိုင်းလိုလိုက
Software (driver) ပါတခါတည်းထည့်ပေးလိုက်ပါတယ် အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားသော်လဲ
သူ့ရဲ့ Hardware website မှာ ရှိပါတယ်.အချိန်မရွေးပြန်သွားပြီး ရှာလိုက်ရင် ခဏလေးနဲ့ အဆင်ပြေမှာပါ.

ကျွန်တော်သိသလောက် Driver Download လုပ်လို့ရမဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ACER's Drivers

http://www.acer.com.au/ac/en/AU/content/drivers

HP's Drivers
http://www8.hp.com/au/en/support-drivers.html

ASUSTek's Drivers
http://support.asus.com/download/options.aspx?SLanguage=en&type=1

Gigabyte's Drivers
http://www.gigabyte.com/support-downloads/support-downloads.aspx

Intel's Drivers
http://downloadcenter.intel.com/

MSI's Drivers
http://www.msi.com/service/download/

Dell's Drivers
http://support.dell.com/support/downloads/index.aspx?c=us&l=en&s=gen

အကယ်၍ ရှာမတွေ့ခဲ့တဲ့ Driver company တွေရှိရင်လဲ comment ထားခဲ့ပေးနော်....

Wise Disk Cleaner Professional 5.83 Build 267






ဒီကောင်လေးက ကျနော်တို့ Cclean ထက်ပိုပြည့်စုံမယ်လို့ထင်ပါတယ်...စက်ထဲက  မလိုအပ်တဲ့  Temporary ဖိုင်တွေ  ၊ restore  file ၊  error file......  အစရှိတဲ့  ဖိုင်တွေတော်တော်များများဟာ  စက်ထဲမှာ ကြာလာတာနဲ့ အမျှ  စက်ကိုလေးစေပါတယ်..အဲ့ဒီလို မလိုအပ်တဲ့ဖိုင်တွေကို အလွယ်တကူ ရှင်းပြစ်ဖို့ အတွက် Wise Disk Cleaner Professional

ဆိုတဲ့ software လေးတင်ပေးလိုက်တာပါ.. ဒီ software လေးက   disk cleaner အဖြစ်အသုံးဝင်သလို   Defragment , restore deleted file from hard drive , restore from a backup files , scrubber စတာတွေကိုပါ  ဒီ wise disk cleaner  software လေးတစ်ခုတည်းနဲ့  အဆင်ပြေစွာ  အသုံးပြုလို့ ရပါတယ်..အမြဲတမ်းအသုံးပြုလို့ ရအောင် crack ဖိုင်လေးပါ ထည့်ပေးထားပါတယ်..လိုအပ်ရင် အောက်မှာဒေါင်းသွားပါ..



လောလောဆယ်တော့ ကျနော် ifile ကနေပဲတင်ပေးထားပါတယ်...လိုင်းမကောင်းလို့ပါ...နောက်နေ့ကျမှပဲ mediafire ကနေတင်ပေးပါ့မယ်..

လွယ်ကူသော Java သင်ခန်းစာများ (မြန်မာလို)


java programming အကြောင်းကို ရေးထားတာပါ. သဘောတရားတွေကို အဓိကထားပြီး အခြေခံပိုင်းရေးထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ် ကို လေ့ လာခြင်း အားဖြင့် တစ်ခြား programming အကြောင်းများကိုပါ အလိုလို နားလည်သွားမှာ ဖြစ်ပါတယ်. ဘယ် programming ကိုပဲ လေ့လာလေ့လာ အခြေခံသဘောတရားချင်းကတော့ အတူတူပါပဲ. သိပ်မကွာပါဘူး. အဲ့ဒါကြောင့်မို့ programming အကြောင်း လေ့လာမယ် ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ စာအုပ်ကို မဖြစ်မနေ ဖတ်ရှု့သင့်ပါတယ်လို့ အကြံဥာဏ်ပေးချင်ပါတယ်. ဒီစာအုပ်ကလေးကို ကိုယ်ချင်းစာသူ ထံမှ မေးလ်ဖြင့်ရရှိထားသော စာအုပ်ဖြစ်ပါတယ်. ကိုယ်ချင်းစာသူကို ကျေးဇူးတင်ပါ တယ်. နောက်လဲ မြန်မာ လို ရေးထားတဲ့ နည်းပညာစာအုပ်များ အခုလိုပဲ မျှဝေပေးနိုင်ပါစေဗျာ. လိုချင်တဲ့သူများ အောက်မှာ Downloaed လုပ်ယူလိုက်ပါ. မြန်မာပြည်မှာ ပိတ်ထားတဲ့ ၀ဘ်ဆိုက်များကို ပြန်ဖွင့်ပေးနေပြီလို့ သတင်း ကြားပါတယ်.ဒါဟာ တစ်ကယ့်ကို ၀မ်းသာစရာကောင်းတဲ့ မင်္ဂလာသတင်းပါ. ကျွန်တော်ကတော့ အတော်လေးကို ၀မ်းသာပါတယ် ဒီသတင်းကိုကြားလိုက်ရတော့ အတိုင်းမသိပဲ....


ကိုညီနေမင်းဆီက မ လာတာလေးကို သူ့မူရင်းအတိုင်းပဲ ပြန်မျှဝေပေးလိုက်ပါတယ်ဗျာ...


     mediafire|,ifile|